Travel Chin State

Official Tourism Information

ချင်းပြည်နယ် ကန်ပက်လက်မြို့မှ
ကြိုဆိုပါ၏

ကန်ပက်လက်မြို့

ကန်ပက်လက်မြို့သည် ချင်းပြည်နယ် တောင်ပိုင်းတွင် တည်ရှိပြီး ချင်းပြည်နယ်၏ အမြင့်ဆုံးတောင် ခေါ်နူးစုမ်(နတ်မတောင်) အမျိုးသားဥယျာဉ်ကြောင့် လူသိများပါသည်။ ကန်ပက်လက်တွင် သဘာဝနှင့် ထိတွေ့ခွင့်ရနိုင်ရန် အခွင့်လမ်းများစွာ ရှိပါသည်။ တောင်တက်လမ်းတလျှောက်တွင် သဘာဝကို လေ့လာ သင်ယူနိုင်ပါသည်။ ခေါနူးစုမ် တောင်တွင်သာ တွေ့နိုင်သော ရှားပါးငှက် မျက်ခုံးမွှေးဖြူ ငှက်ပြာခြောက်ကို ကြည့်ရှု လေ့လာရန် ငှက်ကြည့်သမားများလည်း လာရောက်လည်ပတ်ကြပါသည်။ တောင်ဇလပ်ပန်း နှင့် တိမ်ပင်လယ်ကို ကြည့်ရှု ခံစားလိုသော ပြည်တွင်းခရီးသည် အများဆုံး လာရောက် လည်ပတ်ကြသော မြို့တစ်မြို့လည်းဖြစ်ပါသည်။ ကန်ပက်လက်မြို့ကို လောက်နူးမြေဟုလည်း ခေါ်ဆိုကြပါသည်။ 

အသုံးဝင်သော စကားလုံးများ​

ဟိုတယ်နှင့် တည်းခိုရိပ်သာများ

ကန်ပက်လက်မြို့ရှိ ဟိုတယ်နှင့်တည်းခိုခန်းများ

စိတ်ဝင်စားဖွယ်ရာများ

ခေါ်နူးစုမ်တောင်

ချင်းလူမျိုးများ အမြတ်တနိုးခေါ်ဝေါ်သည့် ခေါ်နူးစုမ်တောင်အား နတ်မတောင် (သို့မဟုတ်) Mt. Victoria ဟူ၍လည်း လူသိများကြပါသည်။ ခေါ်နူးစုမ်တောင်သည် မြန်မာနိုင်ငံ၏ အနောက်ဘက် ချင်းပြည်နယ်၊ မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့နယ် (၃)မြို့နယ်အကြားတွင် တည်ရှိပါသည်။ ၎င်းသည် ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၁၀၂၀၀ တွင် တည်ရှိပြီး ချင်းပြည်နယ်၏ မြေသားဖုံးလွှမ်းသော အမြင့်ဆုံးတောင်ဖြစ်ပါသည်။ နတ်မတောင်အမျိုးသားဉယျာဉ်သည် ၂၇၉ ဧရိယာ စတုရန်းမိုင် ကျယ်ဝန်းပြီး၊ ကမ္ဘာလှည့် ခရီးသည်များအတွက် ၂၀၁၀ခုနှစ်တွင် အမျိုးသားဉယျာဉ်အဖြစ် ဖွင့်လှစ်ခဲ့ပါသည်။ ၎င်းသည် အာဆီယံ အမွေနှစ်ဉယျာဉ်နှင့် ထိန်းသိမ်း စောင့်ရှောက်ထားသော မျက်ခုံးမွှေးဖြူဌက် ပြာခြောက်(White Browed Nuthatch)နှင့် အခြားရှားပါသောဌက်များ၊ ပန်းမန်များ ကြည့်ရှုနိုင်သည့် ဧရိယာလည်း ဖြစ်ပါသည်။ အဆိုပါ အာဆီယံအမွေအနှစ်ဉယျာဉ်သည် စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် မြန်မာနိုင်ငံရှိ အပန်းဖြေခရီးသွားနေရာများ အနက်တစ်ခုဖြစ်သည်။

မျက်ခုံးဖြူ ငှက်ပြာခြောက်

မျက်ခုံးဖြူ ငှက်ပြာခြောက်သည် ( Sittavictoriae ) မျိုးစိတ်ထဲမှ ( nuthatch ) အမျိုးအစားငှက်ဖြစ်ပါသည်။ မျိုးတုံးပျောက်ကွယ်လို့နီးပါးဖြစ်သည့် ရှားပါး ငှက်မျိုးစိတ် ဖြစ်ပါသည်။ အပူပိုင်းသမဇုန်နှင့် အပူပိုင်းစိုစွတ်ပြီး တောင်ထူထပ်သော နေရာတွင် နေထိုင်ကြသော ငှက် အမျိုးအစားဖြစ်ပါသည်။ တနည်းအားဖြင့် ဝက်သစ်ချပင်နှင့် တောင်ဇလပ်ပင် ထူထပ်သော တောထဲတွင် နေထိုင်သည်ဟု ရည်ညွှန်းထားပါသည်။ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေ သော မျက်ခုံးမွှေးဖြူငှက်ပြာခြောက်ကို မြန်မာနိုင်ငံ၏ နတ်မတောင်(ခ)ခေါ်နူးစုမ် ဒေသတွင်သာ တွေ့ရှိနိုင်ပါသည်။ ငှက်ကြည့် ဝါသနာရှင်များအနေဖြင့် ချင်းပြည်နယ်ကို လာရောက် လည်ပတ်ပြီး ဓာတ်ပုံရိုက်ရုံသာမက ၎င်း၏ အလေ့အထများကိုပါ လေ့လာနိုင်မည်ဖြစ်ပါသည်။

အောက်ချင်းငှက်​

အောက်ချင်းငှက်သည် ချင်းပြည်နယ်အတွင်း နေထိုင် ကျက်စားသော ငှက်မျိုးများဖြစ်ပါသည်။ အထီးနှင့်အမ စုံတွဲ အတူတကွ နေထိုင်လျက်ရှိပြီး ယင်းတို့၏ သစ္စာရှိမှုနှင့် မေတ္တာတရား ခိုင်မြဲမှုများအတွက် လေးစားဂုဏ်ပြုရသော ငှက်များဖြစ်ပါသည်။ ထို့ကြောင့် ချင်းလူမျိုးတို့၏ သစ္စာရှိပုံ၊ ရဲစွမ်းသတ္တိရှိပုံကို အောက်ချင်းငှက်ဖြင့် ဖော်ကျူး၍ ချင်းပြည်နယ်၏ ပြယုဂ်အနေဖြင့် အသုံးပြုကြပါသည်။

ဆော်လောင်းကျေးရွာ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ဆောင်လောင်းကျေးရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်းကို ၂၀၁၇ ခုနှစ်တွင်စတင်အကောင်အထည်ဖော်ခဲ့ကြပါသည်။ အာဆီယံ ဒေသအတွင်း ထင်ရှားကျော်ကြားသော အမွေအနှစ်များအနက်မှ တစ်ခုဖြစ်သော ဝိတိုရိယတောင် (ခ) နတ်မတောင်(ခ)ခေါ်နူးစုမ်တောင်၏ တောင်ခြေတွင် တည်ရှိသော ကျေးရွာဖြစ်သည်နှင့်အညီ ခရီးသွားဧည့်သည်များအနေဖြင့် တောင်တက်ခြင်း၊ ခရီးဝေး လမ်းလျှောက်ခြင်းများကို သဘာဝအတိုင်း ခံစားနိုင်မည်ဖြစ်ပြီး၊ တောင်ထိပ်နှင့် တောင်ကြောတစ်လျှောက်တွင် ငှက်ကြည့်ခြင်းကို လေ့လာနိုင်ပါသည်။ ခရီးသွား ဧည့်သည်များအနေဖြင့် ပတ်ပတ်လည်ကျေးရွာများတွင် ချင်းတို့၏ ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်သော မျက်နှာတွင် ပါးရဲထိုးထားသော အမျိုးသမီးများ လေ့လာနိုင်မည်ဖြစ်ပြီး၊ ထူးခြား၍ အရမ်းအရသာရှိသော ချင်းရိုးရာအစားအစာများနှင့် ခေါင်ရည်ကိုလည်း စားသုံးနိုင်ပါသည်။ လေ့လာစရာများအနေဖြင့် ရိုးရာယဉ် ကျေးမှုနှင့် ရိုးရာအက၊ ရိုးရာ တေးဂီတများ လေ့လာနိုင်ပါသည်။ လူထုအခြေပြုခရီးသွားလုပ်ငန်းအား UK-Aid  နှင့်  The Forever Top Travel and Tour Co.ltd တို့မှ ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါသည်။ 

ရှေးဟောင်း (ဗိုလ်တဲ)

         

           ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့မ(၂)ရပ်ကွက်၊ ခေါ်နူးစုမ်လမ်းမကြီးဘေးတွင် တည်ရှိပြီး ပခုက္ကူအရေးပိုင် R.Carant Brown ဦးဆောင်ပြီး တောင်ပိုင်းချင်းတောင်ခရိုင်မြို့တော် ဖြစ်လာမည့်     ကန်ပက်လက်မြို့ကို (၁၉၊ ဖေဖော်ဝါရီ၊ ၁၈၉၉)တွင် စတင် တည်ဆောက် ခဲ့ပါသည်။ ဤအဆောက်အဦးကိုလဲ ထိုအချိန်တွင် စတင်ဆောက်လုပ်ခဲ့သည်ဟု သိရပါသည်။ ဤအဆောက်အဦးသည် ယခုချိန်တွင် နှစ်ပေါင်း(၁၂၀) ကျော်ရှိခဲ့ပြီးဖြစ်သည်။ ယခင် လမ်းဉီးစီးဌာနနှင့် နတ်မတောင် အမျိုးသားဉယျာဉ်(ခေါ်နူးစုမ်)ဌာနတို့မှ ထိမ်းသိန်းခဲ့ပြီး ယခုအခါ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြန်လည် ပြုပြင်မွမ်းမံ၍ Visitor Awarenes Center အဖြစ် ဖွင့်လှစ်ထိန်းသိမ်းသွားမည်ဖြစ်သည်။

ခေါ်နူးစုမ်ပြခန်း

          ခေါ်နူးစုမ်ပြခန်းသည် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့မ(၁)ရပ်ကွက်၊ မြို့ပတ်ကားလမ်းအနီး ဒိုင်း(ရ်)ရပ်ကွက်တွင် တည်ရှိပါသည်။ ခရီးသွားများ ဆွဲဆောင်ရန်အတွက် ချင်းရိုးရာအမွေအနှစ်များထုပ် ဖော်ပြသနိုင်ရန် (၂၀၁၇ခုနှစ်)တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဤပြခန်းတွင် နှာခေါင်းဖြင့် ပုလွေမှုတ်သော အဖွား(ဒေါ်ဘွေ့ထန်း) နှင့် အဖိုး(ဦးထန်းနိုင်း)တို့မှ ရိုးရာသံဇဉ်များဖြင့် ကပြဖျော်ဖြေခြင်း၊ ချင်းရိုးရာပစ္စည်းများအား လေ့လာခြင်း၊ မတူကွဲပြားသော ချင်းရိုးရာဝတ်စုံများဖြင့် ဓာတ်ပုံရိုက်ခြင်း နှင့် ရိုးရာမြှားပစ်ခြင်းများကို ပြုလုပ်ခံစားနိုင်ပါသည်။

"ကောလောင်း”ရေတံခွန်

 

” ကောလောင်း”ရေတံခွန်သည် ကန်ပက်လက်မြို့မှ ၃မိုင် ၅ဖာလုံခန့်အကွာအဝေးတွင် တည်ရှိပြီး (၃)နာရီခန့် ခြေလျင်လမ်း လျောက်သွားနိုင်သကဲ့သို့၊ ဆိုင်ကယ်ကယ်ရီဖြင့်လည်း လွယ်လင့်တကူ သွားရောက်လည်ပတ် အပမ်းဖြေနိုင်ပါသည်။ Trekking ကိုစိတ်ဝင်စားသည့် ခရီးသွားများအတွက် လမ်းတစ်လျောက်တွင် အုတ်ဖိုကျေးရွာ၊ မကျောက်အားကျေးရွာတို့ကို ဖြတ်၍ သွားရသဖြင့် ဒေသခံချင်းတိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့များ၊ ချင်းလူမျို့တို့၏ ရိုးရာအိမ်ဆောက်ပုံဖြစ်သော ခြေတံရှည်အိမ်လေးများ၊ ရိုးသားပွင်.လင်း၍ ဗျူငှါသော ဒေသခံတို့၏ အပြုံးများနှင့် မတူကွဲပြားသော ဘာသာစကားများကို စိတ်ဝင်စားဖွယ် လေ့လာခွင့်ရရှိမည်ဖြစ်သည်။ လမ်းတစ်လျောက် လှပသောသဘာဝရှုခင်းများ၊ ဒေသခံတိုင်းရင်းသားတို့၏ စိုက်ခင်းများ၊ တောပန်းမျိုးစုံ နှင့် လိပ်ပြာလေးများကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပါသည်။  ကောလောင်းရေတံခွန်သည် ကန်ပက်လက်မြို့သို့ လာရောက်လည်ပတ်ကြသော ခရီးသွားများအတွက် ခေါ်နူးစုမ်တောင်တက်ခရီးစဉ်ပြီးလျင် ဒုတိယ စိတ်ဝင်စားမှု အများဆုံးခရီးစဉ်တစ်ခုဖြစ်သည်။ ခြေလျှင်ခရီးဖြင့်သွားပြန် ၆နာရီခန့် ကြာမြင့်သော်လည်း လမ်းမလျောက်နိုင်သော ခရီးသွားများအတွက် ဆိုင်ကယ်ကယ်ရီဖြင့် အလွယ်တကူသွားရောက် လည်ပတ်နိုင်ပါသည်။ ဆိုင်ကယ်ဖြင့် သွားရောက်လည်ပတ်သူများအနေဖြင့် ဆိုင်ကယ်မောင်းချိန်သွား/ပြန် ၄၀မိနစ်ခန့်သာကြာမြင့်ပါသည်။

ချင်း အမျိုးသမီးများနှင့် ဂုဏ်ယူဖွယ် ပါးရဲထိုးခြင်းဓလေ့


ချင်းပြည်နယ်ရှိ လူနည်းစုဖြစ်သော ချင်းအမျိုးသမီးများသည် ပါးရဲထိုးခြင်းရိုးရာကြောင့် လူသိများပြီးအဆိုပါရိုးရာသည် ချင်းအမျိုးသမီးများ၏ သတ္တိရှိခြင်း၊ လှပခြင်း နှင့် သန်မာခြင်းတို့ကို ရည်ညွှန်းပါသည်။ ပါးရဲထိုးခြင်းအတွက် အသုံးပြုသော အပ်ကို များသောအားဖြင့် ဝါးဆူး(သို့) သစ်ပင်၏ အဆူးတစ်ခုခုဖြင့် အသုံးပြုကြပြီး မှင်ရည်အတွက် ကျပ်ခိုး၊ ဘောက်သီး နှင့် အရွက် ညှစ်‌ရည်များ ရောနှောကာ ပါးရဲထိုးလေ့ရှိပါသည်။ ရှေးယခင် မိရိုးဖလာအစဉ်အလာအရ ချင်းအမျိုးအမီးအများစု၏ မျက်နှာပေါ်တွင် ပါးရဲထိုး လေ့ရှိကြပြီး ပါးရဲထိုးထားသည့်အမျိုးသမီးသာလျှင် မိန်းမပီသသည်ဟုယူဆကြပါသည်။ သို့သော်လည်း ချင်းအမျိုးသမီးတိုင်း ပါးရဲထိုးခြင်းမရှိကြပါ။ ပါးရဲထိုးထားသော ချင်းအမျိုးသမီးများကို မင်းတပ်၊ ကန်ပက်လက် နှင့် ပလက်ဝမြို့နယ်များတွင်တွေ့ရပြီး လူမျိုးစုအလိုက်ပါးရဲပုံစံများ ကွဲပြားကြ ပါသည်။

 

ပါးရဲထိုးထားသော ချင်းအမျိုးသမီးများနှင့် ပတ်သက်ပြီး အတွေ့အကြုံနှင့် တွဲရိုက်ထားသောဓာတ်ပုံ ရှိရင်လည်း မျှဝေပေးပါအုံးနော်……