သတင်းများ
ချင်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၅/၂၀၂၀) ကျင်းပပြီးစီးခြင်း
ချင်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၅/၂၀၂၀) ကို Videoconferencing စနစ်ဖြင့် (၂၈.၉.၂၀၂၀)ရက်နေ့တွင် ကျင်းပခဲ့ရာ ကော်မတီ ကော်မတီ၏ ဒုတိယ ဥက္ကဌ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဦးဆောင်၍ ကော်မတီအဖွဲ့ဝင်များအားလုံး တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ချင်းပြည်နယ်ဒေသဆိုင်ရာခရီးသွားကော်မတီ၏ ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့မှုများ၊ ရှေ့လုပ်ငန်းစဉ်များ၊ COVID-19 အလွန် ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ COVID ကာလအတွင်း ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း ခရီးသွားလုပ်ငန်းဆောင်ရွက်သူများ ရှင်သန်ရပ်တည်နိုင်ရေး၊ COVID အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အထက်ဆင့် ကော်မတီများ၏ မူဝါဒနှင့်လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ Chin Tourism Digital Marketing ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခြင်း၊ ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဆိုင်ရာ website အား ပိုမိုကောင်းမွန်ပြည့်စုံသော သတင်းအချက်အလက်များပေးနိုင်ရေး၊ HGLMS စနစ်အား တစ်ပြည်နယ်လုံး အသုံးပြုနိုင်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ၏ မြေရာအခက်အခဲများအား ဝိုင်းဝန်းဖြေရှင်းနိုင်ရန် ဆွေးနွေးခြင်း၊ ဟိုတယ်တည်ဆောက်ခွင့်လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် ကြုံတွေ့ရသော လုပ်ငန်းရှင်များ၏ အခက်အခဲများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် ခရီးဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသည့် ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
![](https://www.chintravel.com.mm/wp-content/uploads/2020/10/120181826_777772869668959_6539267390403373171_n-1024x576.png)
![](https://www.chintravel.com.mm/wp-content/uploads/2020/10/120131449_429700851333676_5683426320829707913_n-1024x361.png)
![](https://www.chintravel.com.mm/wp-content/uploads/2020/10/120152813_975977612876413_4073382074731266783_n-1024x576.png)
![](https://www.chintravel.com.mm/wp-content/uploads/2020/10/120354019_633612084214448_7025553511325926893_n-1024x576.png)
![](https://www.chintravel.com.mm/wp-content/uploads/2020/10/120201037_1181857308877858_3178716626375964637_n-1024x576.png)
ဟားခါးခရိုင်
ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (၁/၂၀၂၁)အစည်းအဝေး ကျင်းပခြင်း
(၁၅.၁.၂၀၂၁)
ရက်နေ့တွင် ဟားခါးခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ ( ၁/၂၀၂၁ ) အစည်းအဝေးအား
ချင်းပြည်နယ် ဟားခါမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌
ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ဟားခါးခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များ
တက်ရောက်ခဲ့ကြ၍ ဟားခါးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး
၊ ဟားခါးခရိုင်ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ ၊ ဥက္ကဌ မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ဟားခါးခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့၊ အတွင်းရေးမှူး၊
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပိုင်ဖြိုးကျော်မှ ဟားခါးခရိုင်အတွင်းရှိ
အထင်ကရ ခရီးသွားနေရာများ၌ လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူသွားနိုင်ရေး၊ ခရီးသွား
နေရာအသစ်များ ဖော်ထုတ်နိုင်ရေးအတွက် ဟားခါးခရိုင် DMO အဖွဲ့ဝင်များ
နှင့် ဟားခါး/ထန်တလန်မြို့နယ် DMO အဖွဲ့ဝင်များ ပူးပေါင်း၍ ကွင်းဆင်း
ဆောင်ရွက်နိုင်ရေး၊ ဟားခါးခရိုင် DMO အနေနဲ့ ဆောင်ရွက်မည့်
လုပ်ငန်းများအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အရအသုံး ခန့်မှန်းခြေငွေစာရင်း၌ ဘတ်ဂျက်
ထည့်သွင်း လျာထားနိုင်ရေးကိစ္စများ၊ ခရိုင်အတွင်း ဒေသန္တရ စီမံကိန်းများ
ရေးဆွဲနိုင်ရေးအတွက် ခရိုင် စီမံကိန်းဦးစီးရုံးမှ ကိုယ်စားလှယ်(၁)ဦး ထည့်သွင်း
ဖွဲ့စည်းနိင်ရေးကိစ္စ နှင့် ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏
လမ်းညွှန်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
![](https://www.chintravel.com.mm/wp-content/uploads/2021/01/Daw-Yaung-1-1024x768.jpg)
![](https://www.chintravel.com.mm/wp-content/uploads/2021/01/Daw-Yaung-1024x768.jpg)
![](https://www.chintravel.com.mm/wp-content/uploads/2021/01/Daw-Yaung-3-1024x768.jpg)
![](https://www.chintravel.com.mm/wp-content/uploads/2021/01/Daw-Yaung-4-1024x768.jpg)