Travel Chin State

Official Tourism Information

ချင်းပြည်နယ် မတူပီမြို့မှ
ကြိုဆိုပါ၏

မတူပီမြို့

မတူပီမြို့ကို အဓိကလမ်းကြောင်းများအနေဖြင့်   မင်းတပ်မြို့မှ ( ၁၀၂ ) မိုင် နှင့် ဟားခါးမြို့မှ ( ၁၇၃ ) မိုင် သွားရောက်နိုင်ပြီး လမ်းကြောင်းတစ်လျှောက် လှပသော ရှုခင်းများ မြင်တွေ့နိုင်ပါသည်။ မတူပီမြို့သူမြို့သားများသည် ဖော်ရွေကြင်နာတတ်ကြပြီး ကွဲပြား ခြားနားသော မျိုးနွယ်စုများစွာလည်း တွေ့နိုင်ပါသည်။ မတူပီမြို့နယ်တွင် အလွန်လှပသော ဘုံတလာရေတံခွန် အပါအဝင် လေ့လာစရာများစွာရှိပါသည်။

အသုံးဝင်သော စကားလုံးများ​

ဟိုတယ်နှင့် တည်းခိုရိပ်သာများ

မတူပီမြို့ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများ

စိတ်ဝင်စားဖွယ်ရာများ

ဘုံတလာရေတံခွန်

ချင်းပြည်နယ်၏ အမြင့်ဆုံးရေတံခွန်နှင့် အထင်ကရနေရာတစ်ခုဖြစ်သော ဘုံတလာရေတံခွန်သည် မတူပီမြို့မှ (၂၆) ကီလိုမီတာ အကွာတွင် တည်ရှိပါသည်။ ၎င်းရေတံခွန်သည် (၄၅၇) မီတာကျော်ရှိပြီး အဆင့်(၉)ဆင့်ရှိပါသည်။ ရေတံခွန်၏ (၅)ဆင့်အထိသာ တက်ရောက်နိုင်ပြီး ကျန်အဆင့်များတွင် ရှည်လျား၍ အန္တရာယ်ရှိသောကြောင့် သွားရောက်လည်ပတ်ပြီးသည့် ဧည့်သည်များအား တက်ရောက်ခြင်းမပြုကြပါ။ ဘုံတလာရေတံခွန်သို့ ခြေလျင်ဖြင့် (၂) နာရီခန့်အကြာ တောကြမ်းလမ်းလျှောက် (Trekking) သွားရသောကြောင့် ကောင်းမွန်ပြီး sneaker/boot ကိုရွေးချယ်စေလိုပါသည်။ ရေတံခွန်သို့သွားသည့် လမ်းတလျှောက်တွင် ထူထပ်သည့်သစ်ပင်ကြီးများ၊ ငှက်သီကျူးသံများကြောင့် အေးမြကြည်လင်သောရာသီဉတုကို ခံစားနိုင်ပါသည်။ (၂)နာရီခန့်အကြာ တောတွင်းလမ်းလျောက်ရ၍ ပင်ပန်းသော်လည်း ရေတံခွန်၏ အလှကြောင့် အမောပြေ၍ ကြည်လင်လန်းဆန်းရပါသည်။ ရေတံခွန်အနီးရှိ မတ်စောက်သော ကျောက်ပြားများပေါ်တွင် သဘာဝပျားအုံကြီးများ၊ လိပ်ပြာများ၊ မျောက်ကလေးများကိုလည်း တွေ့မြင်နိုင်မှာဖြစ်ပါသည်။ ရေတံခွန်တွင် ရံဖန်ရံခါ သက်တန့်လေးများကိုလည်း တွေ့မြင်နိုင်ပါသည်။ မတူပီမြို့ရှိ တည်းခိုနေထိုင်ရန်နေရာနှင့် အသုံးဝင်မည့် ဒေသခံစကားများကို သိရှိလိုပါက https://www.chintravel.com.mm/destinations/matupi/ တွင်ဝင်ရောက်ကြည့် လေ့လာနိုင်ပါသည်။ ရိုးရာအစားအစာဖြစ်သည့် ပြာဟင်းအား သုံးဆောင်သင့်ပြီး အိမ်ပြန်လက်ဆောင်အနေဖြင့် နွားနောက်သားခြောက်များ၊ ဒေသထွက် ရိုးရာဝတ်စုံများနှင့် အသုံးအဆောင် ပစ္စည်းများကို ဝယ်ယူနိုင်ပါသည်။

ချင်းပြည်နယ်၏ အမြင့်ဆုံးရေတံခွန်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်အပ်ပါသည်……………

လာရောက်လည်ပတ်သည့်အခါ လူကြီးမင်းတို့၏ လှပသော ဓာတ်ပုံများကို

#VisitChin#ChinState#TheLandofDiversity#TourismChin#TravelChin တို့ကို တွဲ၍ မျှဝေပေးရန် မေတ္တာရပ်ခံပါသည်။