Travel Chin State

Official Tourism Information

မူဝါဒများ

ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ(၁၁)ရပ်

၁။ ယဉ်ကျေးမှု သမိုင်းအမွေအနှစ်နှင့် ရိုးရာဓလေ့များ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် စီမံကိန်းများ ရေးဆွဲ စီမံခန့်ခွဲရေး
၂။ ဒေသဆိုင်ရာ ရိုးရာပွဲတော်များနှင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို မြှင့်တင်သော တောင်တက်ခရီးစဉ်များကို ဖော်ထုတ်ခြင်း
၃။ သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းခြင်းအတွက် အထောက် အကူပြုသော သဘာဝအခြေခံခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုအစီအစဉ်များ ပေါ်ထွန်း လာစေရေး
၄။ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု(ထုတ်ကုန်)၊ ခရီးစဉ်ဒေသအသစ်(CBT/CIT)နှင့် ဧည့်သည် များအတွက် အတွေ့အကြုံကောင်းများ ဖွံ့ဖြိုးတိုးတက်ရေး
၅။ ဒေသ၏ ပတ်ဝန်းကျင်နှင့်ကိုက်ညီသော ဟိုတယ်နှင့်တည်းခိုရိပ်သာများနှင့် ကျေးရွာ နေအိမ်များတွင် တည်းခိုနေထိုင်သည့် အစီအမံများ ပေါ်ထွန်းလာစေရေး စီမံခန့်ခွဲ ခြင်း
၆။ ဒေသဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် ဒေသခံလူမှုအသိုက်အဝန်းများ၏ အခွင့် အလမ်းများကို အားကောင်စေရေး
၇။ လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး
၈။ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အဦများနှင့် မြေယာစီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုး တက်ရေး
၉။ ဒေသခံများ၏ လူမှုစီးပွားအဆင့်အတန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ပေးသော ပြည်တွင်းနှင့်ပြည်ပမှ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သော ရင်းနှီးမြှုပ်နှံမှု များ၊ ငွေကြေးနှင့် နည်းပညာ အကူအညီများကို ရယူနိုင်စေရေး
၁၀။ စျေးကွက်ရှာဖွေရေးနှင့် စျေးကွက်မြှင့်တင်ရေး
၁၁။ လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်၊ အစိုးရ၊ ဒေသခံလူမှုအဖွဲ့ဝင်များနှင့် သုတေသီများ စသည့် ပူးပေါင်းပါဝင်နေသူများအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး