Travel Chin State

Official Tourism Information

ချင်းပြည်နယ် တွန်းဇံမြို့မှ
ကြိုဆိုပါ၏

တွန်းဇံမြို့နယ်

တွန်းဇံမြို့နယ်သည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင်တွင် တည်ရှိသည့် မြို့နယ်တစ်ခုဖြစ်ပါသည်။ တွန်းဇံမြို့နယ်သည်  ၃၄၇၁.၂၄ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး တောင်ဘက်တွင် တီးတိန်မြို့နယ်၊ အရှေ့တောင်ဘက်တွင် စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ အ‌ရှေ့တောင်မြောက်ဘက်တွင် စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ မဏိပူရ်မြို့နှင့် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်မြို့တို့ ဝန်းရံလျက်ရှိပါသည်။ တွန်းဇံမှ ‘တွန်း’ဆိုသည်မှာ အတူတကွ သွားလာနေထိုင်ခြင်း၊ ‘ဇံ’ဆိုသည်မှာ အခြေစိုက် နေထိုင်ခဲ့သောအရပ်ဟု အဓိပ္ပာယ်ရသည်။ တွန်းဇံမြို့အဝင်တွင် မွာလ်ဆွောင်း (ခေါ်) ကျောက်စာများကို ကြည့်ရှုနိုင်ပြီး  သမိုင်းကြောင်းများကို လေ့လာနိုင်ပါသည်။

အသုံးဝင်သော စကားလုံးများ​

စိတ်ဝင်စားဖွယ်ရာ နေရာများ

မြောက်ယာဉ်စွန်းတမ်းဖြတ်သန်းခြင်း

တီးတိန် – တွန်းဇန်ကားလမ်း မိုင်တိုင်အမှတ် (၂၇/၂၂) ခန့်မှန်းမြေပုံညွှန်း EA – 553997 တီးတိန်လမ်းအပိုင်းတွင် မြောက်လတ္တီတွဒ် ၂၃ ၂/၁ ဒီဂရီဖြတ်သန်းလာသည်။ မဏိပူရ မြစ်ဘေးနှင့် တီးတိန်-တွန်းဇန်ကားလမ်း ဘေးအကြားတွင် ဖြတ်သန်းပြီး လမ်းဦးစီးဌာနမှ ၎င်းနေရာတွင် အမှတ်တရ ကျောက်တိုင် စိုက်ထူထားပါသည်။ မြန်မာနိုင်ငံတွင် မြောက်ယာဉ်စွန်းတန်းသည် တီးတိန်မြို့နယ်အပြင် တကောင်းမြို့၊ ကွတ်ခိုင်မြို့တို့ကိုလည်း ဖြတ်သန်းလျက်ရှိကြောင်း သိရှိရပါသည်။

မွာလ်ဆွောင်း (ခေါ် )မော်ကွန်းကမ္ဗည်းကျောက်တိုင်

ချင်းလူမျိုးတို့တွင် မွာလ်ဆွောင်း ( ခေါ် ) မော်ကွန်းကမ္ဗည်း ကျောက်တိုင်များကို ရွာအဝင်အထွက် အကွက်အကွင်းကောင်းသည့် လမ်းနံဘေး၊ သဘာ၀ရှု့ခင်း ကောင်းသည့် နေရာများတွင် စိုက်ထူလေ့ရှိသည်။ မော်ကွန်းကမ္ဗည်း ကျောက်စာ ရေးထိုးရာတွင် စာပေမပေါ်ခင်ကပင် အရုပ်သင်္ကေတများဖြင့် ရေးထိုးခဲ့ကြသည်။ စာပေပေါ်လာပြီး စာတတ်မြောက်လာသည့်အခါ ကမ္ပည်းကျောက်စာတွင် အရုပ်နှင့် စာလုံးများတွဲ၍ ရေးဆွဲလာခဲ့သည်။ ယခုနောက်ပိုင်းတွင် အရုပ်အားဖြင့် ရေးဆွဲမှတ်တမ်းတင်ခြင်း မရှိတော့ဘဲ ချင်းစာပေ၊ မြန်မာစာပေ၊ အင်္ဂလိပ် စာပေတို့ဖြင့် ရေးသားလာကြသည်ကို တွေ့ရှိရသည်။