ချင်းပြည်နယ် ပလက်ဝမြို့မှ
ကြိုဆိုပါ၏
ပလက်ဝမြို့
ပလက်ဝမြို့သည် ကုလားတန် မြစ်ကြောင်းတစ်လျှောက် ပင်လယ်ရေ မျက်နှာပြင်အထက် ( ၅၄ ) မီတာတွင် တည်ရှိပြီး ချင်းပြည်နယ်မြို့များထဲတွင် ရေကြောင်း၊ ကုန်းကြောင်းဖြင့် သွားရောက်နိုင်သော မြို့ဖြစ်ပါသည်။ ပလက်ဝမြို့၏ ရိုးရာများ၊ လူနေမှုပုံစံများ နှင့် ရိုးရာအစားအစာများသည် ဧည့်သည်များကို စိတ်ကျေနပ်စေပါသည်။ ပလက်ဝမြို့ကို ရခိုင်ပြည်နယ် ကျောက်တော် နှင့် ချင်းပြည်နယ် မတူပီ-ဆမီးလမ်းမှ တစ်ဆင့် သွားရောက် လည်ပတ်နိုင်ပါသည်။
ပလက်ဝမြို့နယ်အား ယခုအချိန်တွင် အသွားအလာကန့်သတ်ထားပါသည်။
အသုံးဝင်သော စကားလုံးများ
စိတ်ဝင်စားဖွယ်ရာများ
ကီမိုတောင်
ကီမိုတောင်သည် ချင်းပြည်နယ် ပလက်ဝမြို့မှ ( ၂၀ ) မိုင်ခန့်ကွာဝေးပြီး တင်ဘုန်းရွာအနီးတွင် တည်ရှိပါသည်။ ၎င်းသည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ ( ၁၃၀၁ ) မီတာ၌ ရှိပါသည်။ ၎င်း၏ ထူးခြားသော လခြမ်းပုံသဏ္ဏာန်နှင့် တောင်ဧရိယာတလျှာက်အတွင်း သစ်ပင်ပန်းမန်များ၊ ကျေးငှက်တိရစ္ဆာန်များ ပေါကြွယ်ဝသောကြောင့် လူသိများပါသည်။ တောင်အလယ်ရှိ စီးဆင်းနေသော ချောင်းအတွင်း ငါးမျိုးစုံ၊ ဖားငယ်များ၊ ပုစွန်များနှင့် တောင်ပေါ်တွင်လည်း အောက်ချင်းငှက်များ၊ တောင်လိပ်များကို တွေ့မြင်နိုင်ပါသည်။
အောက်ချင်းငှက်
အောက်ချင်းငှက်သည် ချင်းပြည်နယ်အတွင်း နေထိုင် ကျက်စားသော ငှက်မျိုးများဖြစ်ပါသည်။ အထီးနှင့်အမ စုံတွဲ အတူတကွ နေထိုင်လျက်ရှိပြီး ယင်းတို့၏ သစ္စာရှိမှုနှင့် မေတ္တာတရား ခိုင်မြဲမှုများအတွက် လေးစားဂုဏ်ပြုရသော ငှက်များဖြစ်ပါသည်။ ထို့ကြောင့် ချင်းလူမျိုးတို့၏ သစ္စာရှိပုံ၊ ရဲစွမ်းသတ္တိရှိပုံကို အောက်ချင်းငှက်ဖြင့် ဖော်ကျူး၍ ချင်းပြည်နယ်၏ ပြယုဂ်အနေဖြင့် အသုံးပြုကြပါသည်။