Travel Chin State

Official Tourism Information

လည်ပတ်သင့်သည့်ခရီးစဉ်များ

The Rih Lake Tour (5D/4N)

ခရီးစဉ်အကျဉ်း

ဤခရီးစဉ်သည် အသည်းနှလုံးပုံသဏ္ဍာန်ရှိသည့် ရိဒ်ရေကန်သို့  ရက်တာ ခရီးစဉ်ဖြစ်ပါသည်။ ခရီးစဉ်၌ လည်ပတ်စရာနေရာများ အနေဖြင့် ချင်းပြည်နယ်၏ ဒုတိယအမြင့်ဆုံးတောင်ဖြစ်သည့် ကနေဒီတောင်၊ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် အင်္ဂလိပ်စစ်သားများ၏ သင်္ချိုင်း၊ မြန်မာအိန္ဒိယနယ်စပ်တွင် ရှိသည့် ရိဒ်ရေကန်နှင့် အိန္ဒိယမြန်မာ နယ်စပ်မြို့များ ပါဝင်မှာ ဖြစ်ပါသည်။

ခရီးစဉ်လမ်းကြောင်းသည် စိတ်ဝင်စားဖွယ်ကောင်းသော မြင်ကွင်းများ၊ တောင်တန်းများ၊ မြစ်များ နှင့် အံ့ဩ ဖွယ်ကောင်းသော တောင်ဇလပ်ပန်းများသစ်တောများဖြင့် ကျော်ကြားပါသည်။ သင်အနေနှင့် ကလေးမြို့ မှာ ကားငှမ်းရမှာ ဖြစ်ပါတယ်။

ပထမနေ့          ရန်ကုန်ကလေး (လေကြောင်း)

 

ရန်ကန်မှ လေကြောင်းလိုင်းဖြင့် ထွက်ခွာပြီး ကလေးမြို့သို့ နေ့လည်ခင်း၌ ရောက်ရှိမည်ဖြစ်သည်။ (ဟိုတယ် အခန်းငှားရမ်းရန် စုံစမ်းနိုင်မည်။) ညစာကို စားသောက်ဆိုင်၌ သုံးဆောင်ပြီး ဟိုတယ်မှာ ညအိပ်ရပ်နားရပါ မည်။

သို့ရာတွင် သင့်အနေဖြင့် ကလေးမြို့၌ ညအိပ်မရပ်နားပဲ ခရီးဆက်လက်ထွက်ခွာလိုပါက ကားငှားပြီး တီးတိန်မြို့သို့ သွားရောက်နိုင်မည်။

ဒုတိယနေ့        ရန်ကုန်တီးတိန် (မော်တော်ယာဉ်)

 

သင်သည် ဟိုတယ်၌ မနက်စာ သုံးဆောင်ပြီး တီးတိန်မြို့သို့ ကားဖြင့် လေးနာရီကြာ သွားရောက်ရမည်။ လမ်းတလျှောက်၌ ရှုခင်းများ၊ ချင်းလူမျိုးစု ကျေးရွာများ နှင့်
လူနေမှုပုံစံများကို တွေ့မြင်ခံစားနိုင်မည်။ သင် နေ့လည်စာ သုံးဆောင်နိုင်မည့် သိုင်းငင်းကျေးရွာသို့ ရောက်မည်ဖြစ်သည်။ ထို့နောက် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် အင်္ဂလိပ်စစ်သားများ၏ ဂူသင်္ချိုင်းသို့ သွားရောက်လည်ပတ်နိုင်မည်။ ချင်းပြည်နယ်၏ ဒုတိယ အမြင့်ဆုံးတောင်ဖြစ်သည့် ကနေဒီတောင်ထိပ်သို့ ခြေလျင် ခရီးတိုတက်ရောက်နိုင်ပြီး လှပတဲ့ မြင်ကွင်းကျယ် ကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

 

တီးတိန်မြို့နယ်သည် ပထဝီအနေအထားအရ တောင်ကုန်း/တောင်တန်းများဖြင့် ထူးခြားသည့် မြို့နယ် ဖြစ် သည်။ တောင်ထိပ်များတွင် တောင်ဇလပ်ပန်းများ၊ သစ်ခွပန်းများ၊ ဘယ်ရီအပင်များနှင့် ထင်းရှုးအပင်များဖြင့် ဖုံးလွှမ်းလျက်ရှိပါသည်။

သင့်အနေဖြင့် ခရစ်ယာန်ဘုရားကျောင်းများသို့ သွားရောက်လည်ပတ်နိုင်ပြီး ဒေသခံ များနှင့် သူငယ်ချင်း မိတ်ဖွဲ့နိုင်ပါသည်။ တီးတိန်မြို့အတွင်း လမ်းလျှောက်၍ ဒေသခံတို့၏ လူနေမှုဘဝကို လေ့လာနိုင်မည်။ တီးတိန်မြို့ရှိ တည်းခိုခန်း၌ ညအိပ်ရပ်နားရမည်ဖြစ်သည်။

တတိယနေ့      တီးတိန်ရိဒ်ရေကန် (မော်တော်ယာဉ်)

 

မနက်စာ သုံးဆောင်ပြီး တီးတိန်မှ ရိဒ်ရေကန်သို့ လေးနာရီကြာ သွားရောက်ရမည်။ လမ်းခရီး၌ ရှုခင်းများ၊ ချင်းလူမျိုးစု ကျေးရွာများနှင့် လူနေမှုပုံစံများကို တွေ့မြင်ရမည်။ နေ့လည်စာကိုလည်း လမ်းခရီး၌ သုံးဆောင် ရမည်ဖြစ်သည်။

 

အိန္ဒိယမြန်မာ နယ်စပ်ရှိ ရိခေါဒါရ်မြို့ နှင့် တီအိုကျေးရွာတို့ကိုလည်း လည်ပတ်နိုင်မည်။ ရိဒ်ရေကန်သို့ ရောက်ရှိပါက တည်းခိုခန်းငှားရမ်းပြီး ရိဒ်ရေကန် နှင့် ရေကန်အတွင်း လှေစီးခြင်း၊  အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။

 

 ညစာကို ရေကန်ဘေး (သို့မဟုတ်မြို့အတွင်းရှိ စားသောက်ဆိုင်  သုံးဆောင်ပြီး တည်းခိုခန်းတွင် ညအိပ်ရပ်နားရမည် ဖြစ်သည်။

 

စတုတ္ထနေ့        ရိဒ်ရေကန်ဖလမ်းမြို့ (တာရွှန်းကျေးရွာ) မော်တော်ယာဉ်

 

အိန္ဒိယမြန်မာ နယ်စပ်မြို့ရှိ လက်ဖက်ရည်ဆိုင်၌ မနက်စာ သုံးဆောင်ပြီး တီအိုရွာနှင့် ဒေသခံတို့၏  နေ့စဉ် ဘဝလှုပ်ရှားမှုများကို တွေ့ကြုံခံစားနိုင်ပါသည်။ မွန်ထာကျေးရွာနှင့်
ဟွာငိုလ်တောင်ကိုဖြတ်၍ ကလောမွန်တွင်
Zahau & Hualngo ရွာသူကြီး Thang Tin Lian နေအိမ်ကိုလည်ပတ်နိုင်ပါသည်။

 

နေ့လည်စာကိုဖလမ်းမြို့တွင်သုံးဆောင်ပြီး တာရွှန်းရွာကိုဆက်သွားပါမည်။ ချင်းအမွေအနှစ်ကျေးရွာနှင့် လူထုအခြေပြုခရီးသွားလုပ်ငန်းကျေးရွာဖြစ်သည့် တာရွှန်းကျေးရွာသို့ ရောက်ရှိပြီး (၂၁)ရာစုအတွင်းရှိ ချင်းရိုးရာအိမ်များကို တွေ့မြင်နိုင်သည့် တစ်ခုတည်းသော နေရာလည်းဖြစ်သည်။ အိမ်အားလုံးသည် ပုံမှန်အားဖြင့် ချင်းရိုးရာပုံစံဖြစ်ပြီး ချင်းတော်လှန်ရေးခေါင်းဆောင်၏ အိမ်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်သည်။ ရွာကိုရောက်သည့်အခါ လူထုအခြေပြုခရီးသွားလုပ်ငန်းရှိ ကျေးရွာအိမ်၌ ခေတ္တနားပြီးပါက ကျေးရွာ အတွင်း လမ်းလျှောက်ခြင်း၊ ရွာခံဧည့်လမ်းညွှန်မှ ကျေးရွာသမိုင်းကြောင်း ရှင်းလင်းပြသခြင်း၊ ညအခါ မီးပုံပွဲနှင့်အတူ ရိုးရာအကများ၊ ချင်းရိုးရာ အစားအစာများကို ခံစားနိုင်မည် ဖြစ်ပါသည်။ ကျေးရွာရှိ ဒေသခံအိမ်၌ ညအိပ်ရပ် နားနိုင်မည် ဖြစ်ပါသည်။

 

ပဥ္စမနေ့            ဖလမ်းကလေး ရန်ကုန် (မော်တော်ယာဉ် + လေကြောင်း)

 

မြို့တွင်းရှိ လက်ဖက်ရည်ဆိုင်၌ မနက်စာ သုံးဆောင်ပြီး ကလေးမြို့သို့ လေးနာရီ ကားမောင်းရမည် ဖြစ်သည်။ ဖလမ်းမြို့မှကလေးမြို့သွားသည့်လမ်းတွင် ဝေါ့လာဲက်ကျေးရွာအနီးရှိ သမိုင်းဝင် ရှာလ်လုမ်ခံတပ်ကိုလည်း သွားရောက်လေ့လာနိုင်ပါသည်။

 

နေ့လည်စာကို ကလေးမြို့ရှိ စားသောက်ဆိုင်၌ သုံးဆောင်ပြီး ကလေးလေဆိပ်သို့ သွားရောက်ရမည်။ ကလေးမှ ညနေ ( ၃ ) နာရီခွဲ လေယာဉ်ဖြင့် ရန်ကုန်သို့ ညနေ 

( ၅ ) နာရီဝန်းကျင် ဆိုက်ရောက်မည်ဖြစ်သည်။


ပျော်ရွှင်သော ခရီးဖြစ်ပါစေ……..

 

Myanmar Endemic and Highlight Birding Tour

ခရီးစဉ်အကျဉ်း

ဤခရီးစဉ်သည် ခေါ်နူးစုမ်တောင် (ခေါ်) ဝိတိုရိယတောင်၊ အာဆီယံအမွေအနှစ်၎င်ဥယျာဉ်သို့ သွားရောက်လည်ပတ်သည့် ခရီးစဉ်ဖြစ်ပါသည်။ ဤခရီစဉ်တွင် ပုဂံတွင် လည်ပတ်သည့် အစီအစဉ်ပါဝင်ပါသည်။ 

ခရီးစဉ်ကြာရှည်သော်လည်း ကန်ပက်လက်မြို့နှင့် ခေါ်နူးစုမ်တောင်သို့ သွားရာလမ်းတလျှောက်တွင် တောင်တန်းရှုခင်းများ လွန်စွာ လှပပါသည်။ 

ပထမနေ့                      ပုဂံသို့ ရောက်ရှိခြင်း ပထမနေ့  ရန်ကုန်ကလေး (လေကြောင်း)

 

Ø  ဟိုတယ်အခန်း ငှားရမ်းပြီးနောက် ပုဂံတဝိုက် ခရီးစဉ်နေရာများသို့ လည်ပတ်ခြင်း

Ø  ပုဂံ၌ ညအိပ်ရပ်နားခြင်း

 

ဒုတိယနေ့                    (ပုဂံ – ကန်ပက်လက်မြို့ ၊  မော်တော်ယာဉ်)

 

ပုဂံ၌ တည်းခိုသည့် ဟိုတယ်၌ မနက်စာ သုံးဆောင်ပြီး ကန်ပက်လက်မြို့ နတ်မတောင်(ခေါနူးစုမ်တောင်)သို့ မနက်() နာရီတွင် စတင်ထွက်ခွာရမည်။ ခရီးစဉ်တွင် သဘာဝရေနံထွက်သည့် မြို့ဖြစ်သော ချောက်မြို့ကို လည်းကောင်း၊ ဧရာဝတီမြစ်ကို ဖြတ်ပြီး ()နာရီကြာ မောင်းနှင်ပြီးနောက် ချင်းတောင်တန်းကို စတင်တက်ရောက်ရမည် ဖြစ် သည်။ ထို့နောက် တောင်တက်ရင်း လမ်းတလျှောက်၌ သင်ကြိုက်သော နေရာ၌ ကားကိုရပ်နားပြီး ငှက်ကြည့် ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်။ ကန်ပက်လက်မြို့သို့ ရောက်သည့်အခါ ဟိုတယ် (သို့မဟုတ်) တည်းခို ခန်း၌ အခန်းငှားရမ်းနိုင်ပါသည်။ ၎င်းနောက် သင့်အနေဖြင့် မြို့တဝိုက်ရှိ ခရီးစဉ်နေရာများသို့ သွားရောက်လည် ပတ်နိုင်ပါသည်။ ကန်ပက်လက်မြို့ရှိ ဟိုတယ် (သို့မဟုတ်) တည်းခိုခန်း၌ ညအိပ်ရပ်နားရမည်။

 

တတိယနေ့                  စတုတ္ထနေ့၊ ပဥ္စမနေ့(ကန်ပက်လက်မြို့တဝိုက် ငှက်ကြည့်လေ့လာရေး ဆောင်ရွက်ခြင်း)

 

မနက်စာ သုံးဆောင်ပြီးနောက် ငှက်ကြည့်ခြင်းအတွက် အကောင်းဆုံးနေရာဖြစ်သည့် ဝိတိုရိယတောင် (နတ်မတောင် အမျိုးသားဥယျာဉ်) တစ်နေ့တာလုံး ငှက်ကြည့်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်မည်။ အဆိုပါ နေရာ၌ များစွာသော အရှေ့ဟိမဝန္တာ ငှက်မျိုးစိတ်များ၊ မျိုးသုဉ်းလုနီးပါးဖြစ်သော ငှက်မျိုးစိတ်များ နှင့် မြန်မာ ငှက်မျိုးစိတ်များကို တွေ့မြင်လေ့လာနိုင်မည် ဖြစ်ပါသည်။ မနက်အစော ဟိုတယ်မှ ထွက်ခွာ၍ ငှက်ကြည့်ရမည့် နေရာဖြစ်သည့် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ,၀၀၀  နီးပါးရှိသည့် ဆယ်မိုင်စခန်းသို့ ()နာရီကြာ သွားရောက်ရမည်။ ဝိတိုရိယတောင်တွင် ထင်းရှူးအပင်များ၊ ဝက်သစ်ချပင်များ၊ တောင်ဇလပ်ပန်းပင်များ၊ အမြဲ စိမ်းတောများ၊ မြက်ပင်များနှင့် အလေ့ကျ ပေါက်ပင်များကို တွေ့မြင်နိုင်ပါသည်။ အဆိုပါ နေရာ၌ မျိုးသုဉ်းလုနီး ပါးဖြစ်သည့် မြန်မာငှက်မျိုးစိတ် (မျက်ခုံးဖြူငှက်ပြာချောက်၊ မြန်မာတစ်စာငှက် နှင့် ဗစ်တိုရီးယား ဘားဘက်စ်) အပါအဝင် အခြားသောငှက်မျိုးစိတ်များဖြစ်သည့် (ကြက်တူရွေး)အစရှိသည်တို့ကို တွေ့မြင်နိုင်မည်။ ငှက်ကြည့် ခြင်းကို တနေကုန် ဆောင်ရွက်ရမည် ဖြစ်သောကြောင့် သင့်အနေဖြင့် နေ့လည်စာနှင့် ကော်ဖီတို့ကို ယူဆောင် သွားရမည် ဖြစ်သည်။ ညစာအား ကန်ပက်လက်မြို့ရှိ စားသောက်ဆိုင် (သို့မဟုတ်) တည်းခိုသည့် ဟိုတယ်၌ သုံးဆောင်နိုင်ပြီး ကန်ပက်လက်မြို့၌ ညအိပ်ရပ်နားရမည် ဖြစ်သည်။

ဆဌမနေ                      (ကန်ပက်လက်မြို့ပုဂံ၊ မော်တော်ယာဉ်)

 

မနက်စောစော၌ ကန်ပက်လက်မြို့ရှိ ဒေသအစားစာကို မနက်စာအဖြစ် မြည်းစမ်း သုံးဆောင်ပြီးနောက် ချင်းအမွေအနှစ်ကျေးရွာနှင့် လူထုအခြေပြုခရီးသွားလုပ်ငန်းကျေးရွာဖြစ်သည့် ဆောလောင်းကျေးရွာသို့ သွားရောက် လည်ပတ်နိုင်မည်။ ဆောလောင်းကျေးရွာသည် အာဆီယံ အမွေအနှစ်ဥယျာဉ်ဖြစ်သည် နတ်မတောင်(ခ) ခေါနူးစုမ်တောင်ခြေတွင် ရှိပါသည်။ ဆောလောင်းကျေးရွာ၌ ချင်းရိုးရာအစားအစာနှင့် ခေါင်ရည်ကို  သုံးဆောင်နိုင်သည့်အပြင် ရိုးရာယဉ်ကျေးမှုနှင့် ရိုးရာတေးဂီတများကိုလည်းလေ့လာနိုင်ပါသည်။ ထို့နောက် ပုဂံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး နေ့လည်စာကို လမ်းတွင် သုံးဆောင်ပြီး၊ ပုဂံသို့ ရောက်ရှိမည် ဖြစ်သည်။ ပုဂံ ညအိပ်ရပ်နားရမည်။

 

 သတ္တမနေ့                   (ပုဂံရန်ကုန်၊ လေယာဉ်)

 

 မနက်စာ သုံးဆောင်ပြီးနောက် ခရီးစဉ်နေရာများသို့ ရန်ကုန်မပြန်ခင် သွားရောက်လည်ပတ်နိုင်ပါသေးသည်။

( ကလေးတာရွှန်းဇိန်မှုတောင်ဟားခါးမန္တလေး/ရန်ကုန် )

ခရီးစဉ်အကျဉ်း

 

ဤခရီးစဉ်သည် ခရီးသွားဧည့်သည်များအနေဖြင့် ဗြိတိသျှနယ်ချဲ့စဉ်က ရှေးဟောင်း သမိုင်းကြောင်းများနှင့်အတူ ချင်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု နှင့် လူနေမှုပုံစံများကို တွေ့ကြုံခံစားနိုင်စေရန် ရည်ရွယ်ပါသည်။ ခရီးစဉ်တွင် ယဉ်ကျေးမှု နှင့် သမိုင်းကြောင်းအရ အရေးပါသည့် တာရွှန်းကျေးရွာ၌ တည်းခိုနေထိုင်နိုင်မည်ဖြစ်ပါသည်။ အဆိုပါ ခရီးစဉ်သည် လူထုအခြေပြုခရီးသွားလုပ်ငန်းမှ ဒေသခံပြည်သူလူထုကို ထောက်ပံ့ပေးရန်ဖြစ်ပါသည်။

တာရွှန်းကျေးရွာသည် ဖလမ်းမြို့နှင့် ()မိုင်အကွာ၌ ရွာ()ရွာပတ်လည်ဝန်းရံလျက်ရှိပြီး မဏိပူရ်မြစ်သည် ရွာ၏ မြောက်ဘက်မှ အရှေ့ဘက်သို့ စီးဆင်းလျက်ရှိပါသည်။ ထိုရွာသည် ဖလမ်းမြို့နယ်တွင် သက်တမ်း အရင့်ဆုံးကျေးရွာဖြစ်ပြီး ၁၈၉၂ ခုနှစ်အထိ ဗြိတိသျှတို့၏ ကျူးကျော်မှုကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် ဗိုလ်ကြွန်ဘိခ် () ဗိုလ်ဆွန်ပတ်၏ ကျေးရွာအဖြစ်လည်း ကျော်ကြားပါသည်။ ၁၈၅၆၁၈၉၂ အတွင်း ဗိုလ်ကြွန်ဘိခ် ဦးဆောင်သည့် တာရွှန်းကျေးရွာသည် ချင်းတောင်တန်းဒေသ၌ အိမ်ထောင်စုပေါင်း ၅၀၀ ရှိပြီး အကြီးဆုံးနှင့် အာဏာအရှိဆုံးကျေးရွာဖြစ်ပါသည်။ တာရွှန်းကျေးရွာသည် ချင်းတောင်တန်းဒေသ၌ ဗြိတိသျှတို့၏ ကျူးကျော်သိမ်းပိုက်မှု၏ နောက်ဆုံးကာကွယ်ရေးဖြစ်ခဲ့ပါသည်။

ဧည့်သည်များအနေဖြင့် ချင်းရိုးရာလူနေမှုပုံစံ၊ အံ့ဩဖွယ်ကောင်းသော မြင်ကွင်းများ၊ ရင်သပ်ရှုမောဖွယ် ကောင်းသည့် တောင်တန်းများ/မြစ်များနှင့် ကျယ်ပြန့်သော တောင်တန်းသစ်တောများကို တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ဧည့်သည်များသည် ချင်းတောင်တန်း၏ တတိယအမြင့်ဆုံးတောင်ဖြစ်သည့် ဇိန်မှုတောင်၌ တောင်တက်နိုင်မည်ဖြစ်ပါသည်။ ခရီးစဉ်တွင် ချင်းတောင်တန်းဒေသ၌ အစိုးရမှ ပထမဦးဆုံး အုပ်ချုပ်သည့် မြို့ဖြစ်သည့် ဖလမ်းမြို့တဝိုက်နှင့် ယခု ချင်းပြည်နယ်၏ မြို့တော်ဖြစ်သော ဟားခါးမြို့တို့ကိုလည်း လည်ပတ်နိုင်မည် ဖြစ်ပါသည်။

 

ပထမနေ့                      ရန်ကုန်ကလေး (လေကြောင်းလိုင်း)

နေ့လည်ခင်း လေယာဉ်ဖြင့် ရန်ကုန်မှ ထွက်ခွာပါ။ ကလေးမြို့၌ ညစာစားပြီး ညအိပ်တည်းခိုခြင်း (သို့မဟုတ်) ခရီးဆက်ရန် ကားငှားပါ။

ဒုတိယနေ့                    ကလေးတာရွှန်းကျေးရွာ

 

အကယ်၍ သင်သည် ကားငှားပြီး ကလေးမြို့၌ ညအိပ်ပါက

သင်သည် ကလေးမြို့တွင် မနက်စာ သုံးဆောင်ပြီးနောက် ဖလမ်းမြို့သို့ ()နာရီကြာ ကားမောင်းသွားရမည်။ လမ်းတစ်လျှောက်တွင် ချင်းပြည်နယ်၏ အမှတ်အသားဖြစ်သည့် တောင်ဇလပ်ပန်း အချို့ကို မြင်တွေ့ရလိမ့်မည်။ ထို့နောက် နေ့လည်စာ သုံးဆောင်နိုင်မည့် လုံဘန်ရွာသို့ ရောက်ရှိမည်ဖြစ်သည်။ လုံဘန်ရွာသည် ပင်လုံ ညီလာခံ၌ လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သည့် ဝဏ္ဏကျော်ထင် ဦးလူရ်မှုန်၏ ဇာတိဖြစ်သည်။ ထို့နောက် ချင်းအမွေအနှစ်ကျေးရွာ နှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်းကျေးရွာဖြစ်သည့် တာရွှန်းကျေးရွာသို့ ရောက်ရှိမည်ဖြစ်ပြီး (၂၁)ရာစုအတွင်းရှိ ချင်းရိုးရာအိမ်များကို တွေ့မြင်နိုင်သည့် တစ်ခုတည်းသော နေရာလည်းဖြစ်သည်။ အိမ်အားလုံးသည် ပုံမှန်အားဖြင့် ချင်းရိုးရာပုံစံဖြစ်ပြီး ချင်းတော်လှန်ရေးခေါင်းဆောင်၏ အိမ်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်သည်။ ကျေးရွာရှိ ရှေးခေတ်အိမ်အဟောင်းများနှင့် သမိုင်းဝင်နေရာများသည် လာရောက် လည်ပတ်သူများအတွက် ၎င်းတို့၏ ရှည်လျားသော သမိုင်းကြောင်း၌ စိတ်ဝင်စားဖွယ်အဖြစ်အပျက်များစွာကို ပြန်လည်အမှတ်ရစေမှာ အသေချာပင်ဖြစ်သည်။ အဆိုပါ လူထုအခြေပြုခရီးသွားလုပ်ငန်းသည် the Backyard ခရီးသွားလုပ်ငန်း ကုမ္ပဏီနှင့် UK aid တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၁၇ ခုနှစ်၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

ရွာကိုရောက်သည့်အခါ လူထုအခြေပြုခရီးသွားလုပ်ငန်းရှိ ကျေးရွာအိမ်၌ ခေတ္တနားပြီးပါက ကျေးရွာအတွင်း လမ်းလျှောက်ခြင်း၊ ရွာခံဧည့်လမ်းညွှန်မှ ကျေးရွာသမိုင်းကြောင်း ရှင်းလင်းပြသခြင်း၊ ညအခါ မီးပုံပွဲနှင့်အတူ ရိုးရာအကများ၊ ချင်းရိုးရာ အစားအစာများကို ခံစားနိုင်မည် ဖြစ်ပါသည်။ ကျေးရွာရှိ ဒေသခံအိမ်၌ ညအိပ်ရပ်နားနိုင်မည်ဖြစ်ပါသည်။

 

တတိယနေ့                  တာရွှန်း မဏိပူရ်မြစ်သို့ ပျော်ပွဲစားထွက်ခြင်း ( ခြေလျင်ခရီး )

 

ကျေးရွာအနီးရှိ မဏိပူရ်မြစ်သို့ ဒေသခံဧည့်လမ်းညွှန်နှင့်အတူ ပျော်ပွဲစားသွားရောက်နိုင်ပါသည်။ မနက်စာ စားပြီးနောက် မြစ်သို့ ခြေလျင်ခရီး သွားရောက်ရမည် ဖြစ်ပါသည်။ မဏိပူရ်မြစ်၌ ရေကူးခြင်း၊ ရိုးရာပုံစံ အမဲလိုက်ခြင်း နှင့် ငါးဖမ်းခြင်းများကို ဆောင်ရွက်ပြီးနောက် အသင့်ယူလာသည့် နေ့လည်စာကို မြစ်ဘေး၌ သုံးဆောင်နိုင်မည်ဖြစ်သည်။ ဒေသခံအိမ်၌ ညစာစားပြီးနောက် ညအိပ်ရပ်နားရမည် ဖြစ်ပါသည်။

 

စတုတ္ထနေ့                    တာရွှန်းဇိန်မှုတောင်ဟားခါး (မော်တော်ကား + ခြေလျင်)

 

ကျေးရွာ၌ မနက်စာ သုံးဆောင်ပြီးနောက် ဇိန်မှုတောင်တက်ရန် မော်တော်ကားဖြင့် တောင်ခြေစခန်းဖြစ်သည့် တလန်ဇာရ်ကျေးရွာသို့ တစ်နာရီခွဲခန့် မောင်းရပါသည်။ ဒေသခံဧည့်လမ်းညွှန်နှင့်အတူ ဇိန်မှုတောင်ထိပ်သို့ ခြေလျင်တောင်တက်သွားရောက်ရမည်ဖြစ်သည်။ ဇိန်မှုတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေ ,၈၁၄ တွင် တည်ရှိပြီး ချင်းပြည်နယ်၌ တတိယအမြင့်ဆုံးတောင်ဖြစ်ပါသည်။ တောင်တက်ခြင်းအနေဖြင့် နာရီကြာမြင့်နိုင်ပြီး တောင်ထိပ်၌ နေ့လည်စာသုံးဆောင်ခြင်း၊ အနားယူခြင်းများ ဆောင်ရွက်နိုင်ပါသည်။ တောင်ခြေစခန်း ပြန်ရောက်ပါက ဟားခါးမြို့သို့ ဆက်လက် ခရီးထွက်ခွာနိုင်မည် ဖြစ်သည်။ ဆုတောင်း တောင်မှတဆင့် လှမ်းမျှော်ကြည့်ပါက ရုန်းတောင်အောက်တွင်  တည်ရှိနေသည့် ဟားခါးမြို့အလှကို တွေ့မြင်ရမည်ဖြစ်သည်။ ညစာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်နိုင်ပြီး တည်းခိုခန်း၌ ညအိပ်ရပ်နားရမည် ဖြစ်သည်။

 

ပဥ္စမနေ့                        ဟားခါးမြို့တဝိုက် ကားဖြင့် လည်ပတ်ခြင်း

 

မနက်စာ သုံးဆောင်ပြီးနောက် ကားဖြင့် ဟားခါးမြို့တဝိုက် လည်ပတ်စရာနေရာများဖြစ်သည့် ချင်းရိုးရာ အိမ်နှင့် ရှေးဟောင်းပစ္စည်းများ ပြသထားသည့် ဗန်ဟရဲပြတိုက်၊ အမေရိကန် နှစ်ခြင်းခရစ်ယာန် သာသနာပြု အမွေအနှစ်များ၊ ကျောက်တုံးဖြင့် ပြုလုပ်ထားသည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ချင်းရိုးရာ ဆိုးဆေးနှင့် ရက်လုပ်သည့် အိုင်ဒီး ရိုးရာယက္ကန်းအိမ်၊ သီးမြစ်လွင်ပြင်စသည်တို့ကို သွားရောက်နိုင်ပါသည်။ နေ့လည်စာအနေဖြင့် ဒေသခံ လက်ဖက်ရည်ဆိုင်၌ ပြောင်းဖူး နှင့် အသားရောပြုတ်ထားသော ရိုးရာအစားအစာဖြစ်သည့် ဆာဗူးသီးအား သုံးဆောင်နိုင်မည် ဖြစ်ပါသည်။ ထို့နောက် ရုန်းတောင် နှင့် ဟားခါးမြို့ ရှုခင်းသာမှ နေဝင် ဆည်းဆာ နှင့် တိမ်ပင်လယ်ကို ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်နိုင်ပြီး တည်းခိုခန်း၌ ညအိပ်ရပ်နားရမည်ဖြစ်သည်။

 

ဆဌမနေ့                      ဟားခါး မန္တလေး / ရန်ကုန်

 

မနက်အစော အခန်းအပ်ပြီးပါက လက်ဖက်ရည်ဆိုင်၌ မနက်စာအဖြစ် ပူရီ သုံးဆောင်နိုင်ပြီး ဇေတဝန် ဘုန်းကြီး ကျောင်းနှင့် ကျောက်ဖြစ်ရုပ်ကလပ်အဖြစ် တည်ထားကိုးကွယ်သည့် ရုန်းတောင်ဘုရားတို့ကို သွားရောက်ဖူးမျှော်နိုင်ပြီး ဟားခါးမြို့မဈေးတွင် ချင်းရိုးရာလက်ဆောင်ပစ္စည်းများ ဝယ်ယူနိုင်မည်ဖြစ်သည်။ ထို့နောက် ရန်ကုန်သို့ ပြန်မည်ဆိုပါက မနက်()နာရီခွဲ မတိုင်ခင်နှင့် မန္တလေးသို့ ပြန်မည်ဆိုပါက ညနေ()နာရီခွဲ မတိုင်ခင်အချိန်များ တွင် ဟားခါးကားဂိတ်သို့ သွားရောက်ရမည် ဖြစ်သည်။