HSP Webportal

Enchanting Myanmar Health and Safety Protocol အစီအစဉ်အရ ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအား ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းသော လုပ်ငန်းများအဖြစ် မှတ်ပုံတင်နိုင်ကြောင်း အသိပေးကြေငြာချက်

       ဟိုတယ်နှင့်ခရီးသွားဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော ဟိုတယ်နှင့်တည်းခိုရိပ်သာ လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ခရီးစဉ်ဝန်ဆောင်မှုပေးခြင်း လုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်း၊ ခရီးသွားဆွဲဆောင်ရာနေရာ နှင့်  လက်ဆောင်ပစ္စည်းအရောင်းဆိုင် လုပ်ငန်းများ အား COVID-19 Safe Services အသိအမှတ်ပြုတံဆိပ်များ စနစ်တကျ ပေးအပ်နိုင်ရန်၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံသော ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ခြင်းမှ တစ်ဆင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းပုံရိပ်ကို မြှင့်တင်ပေးနိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် Enchanting Myanmar Health and Safety Protocol Website : “ hsp.tourism.gov.mm ” ကို (၁၂-၈-၂၀၂၁)ရက်နေ့တွင် လွှင့်တင်ခဲ့ပြီး ဖြစ်ပါသည်။

        အဆိုပါ Website တွင် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများမှ လိုက်နာဆောင်ရွက် ရမည့် လုပ်ငန်းစဉ် Protocol များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် Implementation Manual နှင့် Check List များကို Website တွင် ဝင်ရောက်လေ့လာဖတ်ရှုကာ ကြိုတင်ဆောင်ရွက်နိုင်ပြီး (၁၆-၈-၂၀၂၁)ရက်နေ့မှစတင်၍ လုပ်ငန်းများကို မှတ်ပုံတင်ကာ ဝင်ရောက်လျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်း လုပ်ငန်းရှင်များသို့ လေးစားစွာ အသိပေးကြေငြာအပ်ပါသည်။

Website သို့သွားရောက်ရမည့် Link ကို အောက်တွင် နှိပ်၍ ဝင်ရောက်နိုင်ပါသည်-